Senior Painter
MM Cars Myanmar (Mitsubishi Motors) Yangon, Myanmar
K700,000 – K900,000 a month
Posted 12 days ago · 72 views
Applications close on 30 Nov 2026
How to apply
About the role
ရာထူး၏ အဓိကတာဝန်
မော်တော်ယာဉ်များ၏ Body & Paint ပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသော အရည်အသွေး၊ လုံခြုံရေးနှင့် အချိန်ကာလအတိုင်း ဆောင်ရွက်ရန်နှင့် Junior Painter များအား လမ်းညွှန်ပေးရန်။
အဓိကတာဝန်များ
- မော်တော်ယာဉ်များ၏ Painting နှင့် Re-painting လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်ခြင်း။
- ကား၏ Body Damage အခြေအနေကို စစ်ဆေးပြီး လိုအပ်သော Painting Process ကို သတ်မှတ်ခြင်း။
- Paint Color နှင့် Shade များကို မှန်ကန်စွာ Matching ပြုလုပ်ခြင်း။
- Primer, Paint, Clear Coat နှင့် အခြား Painting Materials များကို သတ်မှတ်ထားသော Process အတိုင်း အသုံးပြုခြင်း။
- Spray Gun နှင့် Painting Equipment များကို မှန်ကန်စွာ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း။
- Painting မပြုလုပ်မီ ကားမျက်နှာပြင်ကို သန့်ရှင်းခြင်း၊ Sanding နှင့် Preparation ပြုလုပ်ခြင်း။
- Paint Defects များဖြစ်သည့် Color Mismatch, Dust, Runs, Orange Peel စသည်တို့ကို စစ်ဆေးပြီး ပြန်လည်ပြုပြင်ခြင်း။
- ပြီးစီးသော Painting Work များ၏ Quality ကို စစ်ဆေးပြီး သတ်မှတ်ထားသော Standard နှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ခြင်း။
- Junior Painter နှင့် Painter များအား လုပ်ငန်းခွင်အတွင်း လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကြံပြုခြင်းနှင့် လမ်းညွှန်ပေးခြင်း။
- Paint, Thinner, Primer နှင့် အခြား Materials များကို သတ်မှတ်ထားသော ပမာဏအတိုင်း အသုံးပြု၍ Material Wastage လျှော့ချခြင်း။
- Painting Tools နှင့် Equipment များကို သန့်ရှင်းပြီး အဆင်သင့်အသုံးပြုနိုင်သော အခြေအနေတွင် ထားရှိခြင်း။
- Workshop ၏ Safety Procedure နှင့် PPE အသုံးပြုမှုများကို လိုက်နာခြင်း။
- Paint နှင့် Chemical များကို သတ်မှတ်ထားသော Safety Procedure အတိုင်း ကိုင်တွယ်၊ သိမ်းဆည်းခြင်း။
- နေ့စဉ်လုပ်ငန်းအခြေအနေ၊ ပြဿနာများနှင့် လိုအပ်ချက်များကို Supervisor / Service Manager ထံ အစီရင်ခံခြင်း။
- Customer Vehicle များကို မပျက်စီးစေရန် ကာကွယ်မှုများ ပြုလုပ်ပြီး သတ်မှတ်ထားသောအချိန်အတွင်း ပြုပြင်ပြီးစီးစေရန် ဆောင်ရွက်ခြင်း။
- Workshop ၏ 5S, Safety နှင့် Quality Standard များကို လိုက်နာခြင်း။
- Supervisor မှ ပေးအပ်သော အခြားသက်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ခြင်း။
လိုအပ်သော အရည်အချင်းများ
- Automotive Painting / Body & Paint လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 5–7 နှစ် ရှိသူ။
- Automotive Paint Process နှင့် Color Matching ပိုင်းတွင် ကျွမ်းကျင်သူ။
- Spray Gun နှင့် Painting Equipment များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
- Paint Mixing နှင့် Paint Material အသုံးပြုမှုကို နားလည်သူ။
- Paint Defects များကို ခွဲခြားသိရှိပြီး ပြန်လည်ပြုပြင်နိုင်သူ။
- Junior Painter များအား လမ်းညွှန်သင်ကြားနိုင်သူ။
- Teamwork ကောင်းမွန်ပြီး အလုပ်တာဝန်ယူမှုရှိသူ။
- Safety Procedure နှင့် Workshop Rules များကို လိုက်နာနိုင်သူ။
- အချိန်မီ အလုပ်ပြီးစီးအောင် ဆောင်ရွက်နိုင်သူ။
- Automotive Technical Certificate / သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်ရှိပါက ပိုမိုကောင်းမွန်သည်။
Work Location
- South Okkalapa Township, Yangon Region, Myanmar
Benefits
- Medical Benefit
- Career Development
- Commission / Incentive/ Performance Allowance
- Uniform, Safety Shoes
How to apply: Apply via Yoma Recruit, the Yoma Group's official career portal: open the vacancy, sign in or create an account, then click "Apply" and submit your CV. Apply here: https://yomarecruit.com/jobs/731638810810928